Friday, September 19, 2008

နပသ ကျောင်းသားဟောင်းများအား ဖိတ်ခေါ် ခြင်း

ရန်ကုန် မန္တလေး သာသနာ့ တက္ကသိုလ်ကြီးများတွင် ပညာသင်းကြားခဲ့ ဖူးသော ပြည်တွင်း ပြည်ပရှိ
သံဃာတော်များ အများအနေဖြင့် မကြာမှီ နပသ ကျောင်းသား ဟောင်းများအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ပါ၍
အောက်ပါ အီးမေးလ် အတိုင်းဆက်သွယ်ကြပါရန် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။
ဤကျောင်းသားဟောင်းများအဖွဲ့ကို ရန်ကုန် မန္တလေး တစ်ပေါင်းတည်း ဖွဲ့စည်းရန် အများစုက သဘောတူကြပါသည်ဘုရား
ပြည်ပနိုင်ငံများတွင်ရောက်ရှိနေကြသော သံဃာတော်များအနေဖြင့် အမြဲဆက်သွယ်ရန် ကိုယ်စားလှယ် တစ်ပါးရွေးပေးတော်မူကြပါဘုရား။ ဥက္ကဋ္ဌ အတွင်းရေးမှုးများ မရွေးပဲ
ကိုယ်စားလှယ်များဖြင့်သာ ဆောင်ရွက်ရန် မူအားဖြင့် သဘောတူထားပါသည်ဘုရား
နောက်ထပ် အရှင်ဘုရားများ အကြံဥာဏ်ပေးလိုပါက အမြဲကြိုဆိုလျှက်ပါဘုရား။
နပသဘလော့ဂ်တွင်လည်း အားလုံးပါဝင် ရေးနိုင်ရန် အဖွဲ့ဝင် အားလုံး၏ အီးမေးလ်များကို ခွင့်ပြုချက်ပေးထားပါမည်ဘုရား။မိမိတို့ ပါတ်စ်ဝါ့ဒ်များဖြင့် အရှင်ဘုရားများ၏ အမြင်များ၊အတွေးအခေါ် အယူအဆများ၊ အတွေ့အကြုံများ၊ဆောင်ရွက်ချက်များ၊ အကြံဥာဏ်များရေးသားတော်မူကြပါဘုရား။ဤဘလော့ဂ်သည် ဆုံရပ်တစ်ခု စကားဝိုင်းတစ်ခု အတွေးအခေါ်များဖြင့် မွှေးကြိုင်နေသော စာပေထမင်းဝိုင်းကြီးတစ်ခု ဖန်တီးကြပါစို့ဘုရား။
အကယ်၍ အွန်လိုင်း မတင်တတ်ပါက အောက်ပါ အီးမေးလ်သို့  စာမူများပေးပို့ပါရန်ရိုသေစွာလျှောက်ထားအပ်ပါသည် သံဃာတော်အရှင်မြတ်တို့ဘုရား

myatmin.agga@gmail.com
ibmoeu@gmail.com
အရှင်ဘုရားများ၏ ရောက်ရှိနေသော
နိုင်ငံ ......................
လိပ်စာ...................( ဖြစ်နိုင်လျှင်)
အီးမေးလိပ်စာ..........
ပညာသင်ယူခဲ့ရာ...........(ရန်ကုန်-မန္တလေး)
ပညာသင်နှစ်.................

ရိုသေလေးစားစွာဖြင့်
ဖြစ်မြောက်ရေးကော်မတီ



3 comments:

VIRATHU said...

သင့်လျော်ကောင်းမွန်တဲ့ အစီအစဉ်လေးပါပဲ။ ဒါပေမယ့် ရေရှည်ခိုင်မြဲစေချင်ရင်တော့ အုတ်မြစ်ကို ခိုင်အောင် အရင်လုပ်ဖို့လိုတယ်လေ။ လွယ်လွယ်ဖွဲ့ရင်တော့ လွယ်လွယ်ပဲ ပျက်စီးသွားမှာပဲ။ ဖြစ်နိုင်ရင် မင်းကွန်းဆရာတော်ကြီးပုံရယ်၊ နှစ်ဘက်လှဆရာကြိးတို့ပုံရယ်....တင်ပေးရင်တော့ ကောင်းမယ်။

Metta TV said...

အခုဟာက တရားဝင်မဖွဲ့ရသေးဘူးလေ။ ဆွေးနွေးကြတုန်းရှိသေးတာ။ အုကံဥာဏ်လေးတွေလုပ်ပါအုံး။
အားလုံး ၀ိုင်းလုပ်ရင်တော့ ဖြစ်နိုင်ပါတယ်။
အုကံဥာဏ်တွေ တောင်းနေတုန်းရှိပါသေးတယ်။
မှတ်ချက်တွေလည်း စောင့်မျှော်လျှက်ပါ ဘုရား။

Unknown said...

ကောင်းလို်က်တဲ့အစီစဉ်ပါဘုရား ။နိုင်ငံခြားမှာ နပသ ကျောင်းသားဟောင်းတွေ အများကြီးရှိပါတယ်။စုစည်းမှုရတာပေါ့ဘုရား